SlideShare a Scribd company logo
1 of 9
Download to read offline
တင်ထွန်းအောင်
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
ဒီမိုကရက်တစ် နိုင်ငံသားဖြစ်မှု
တင်ထွန်းအောင်
ဤစာတမ်းသည် ဒီမိုကရေစီနိုင်ငံသားတစ်ယောက် အတွက် တာဝန်နှင့် အခွင့်အရေးများကို အချက်ကျကျ ပြဆို
ထားသည့် စာတမ်းဖြစ်သည်။ ဒီမိုကရက်တစ်နှုန်းစံများကို စနစ်တကျ ပြုစုထားသည်။ လက်ရှိ မြန်မာနိုင်ငံသည်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေသည်ဖြစ်ရာ ပြည်သူတို့အဖို့လည်း မိမိတို့နှင့် ထိုက်တန်သော
ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းရန် လိုအပ်သည်။ ထို့ကြောင့် ဤစာတမ်းငယ်သည် နိုင်ငံသားတစ်ဦး
အတွက် ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းနိုင်ရန် အတွက် ဖတ်ရှုသင့်သည့် စာတစ်စောင်ဖြစ်ကြောင်း
တင်ပြအပ်ပါသည်။
အယ်ဒီတာ
တင်ထွန်းအောင်
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
ဒီမိုကရက်တစ် နိုင်ငံသားဖြစ်မှု
တင်ထွန်းအောင်
ဤစာတမ်းသည် ဒီမိုကရေစီနိုင်ငံသားတစ်ယောက် အတွက် တာဝန်နှင့် အခွင့်အရေးများကို အချက်ကျကျ ပြဆို
ထားသည့် စာတမ်းဖြစ်သည်။ ဒီမိုကရက်တစ်နှုန်းစံများကို စနစ်တကျ ပြုစုထားသည်။ လက်ရှိ မြန်မာနိုင်ငံသည်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေသည်ဖြစ်ရာ ပြည်သူတို့အဖို့လည်း မိမိတို့နှင့် ထိုက်တန်သော
ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းရန် လိုအပ်သည်။ ထို့ကြောင့် ဤစာတမ်းငယ်သည် နိုင်ငံသားတစ်ဦး
အတွက် ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းနိုင်ရန် အတွက် ဖတ်ရှုသင့်သည့် စာတစ်စောင်ဖြစ်ကြောင်း
တင်ပြအပ်ပါသည်။
အယ်ဒီတာ
တင်ထွန်းအောင်
1
မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂)
ဒီမိုကရက်တစ် နိုင်ငံသားဖြစ်မှု
တင်ထွန်းအောင်
ဤစာတမ်းသည် ဒီမိုကရေစီနိုင်ငံသားတစ်ယောက် အတွက် တာဝန်နှင့် အခွင့်အရေးများကို အချက်ကျကျ ပြဆို
ထားသည့် စာတမ်းဖြစ်သည်။ ဒီမိုကရက်တစ်နှုန်းစံများကို စနစ်တကျ ပြုစုထားသည်။ လက်ရှိ မြန်မာနိုင်ငံသည်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေသည်ဖြစ်ရာ ပြည်သူတို့အဖို့လည်း မိမိတို့နှင့် ထိုက်တန်သော
ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းရန် လိုအပ်သည်။ ထို့ကြောင့် ဤစာတမ်းငယ်သည် နိုင်ငံသားတစ်ဦး
အတွက် ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းနိုင်ရန် အတွက် ဖတ်ရှုသင့်သည့် စာတစ်စောင်ဖြစ်ကြောင်း
တင်ပြအပ်ပါသည်။
အယ်ဒီတာ
တင်ထွန်းအောင်
2
ဒီမိုကရက်တစ်နိုင်ငံသားဖြစ်မှု (Democratic Citizenship)
ဒီမိုကရက်တစ်နိုင်ငံသားဖြစ်မှု
နိဒါန်း
ဒီမိုကရေစီသည် နိုင်ငံသားများ၏ ထောက်ပံ့ အားပေးမှုဖြင့်သာ အောင်မြင်နိုင်သည်။ ဤအချက် သည်
ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းနေသော နိုင်ငံ သို့မဟုတ် လူမှုအဖွဲ့အစည်းများ အတွက် အလွန်
အရေးကြီးသော အချက်ဖြစ်သည်။ “ဒီမိုကရေစီကို သက်ဝင်ယုံကြည်သူများ(Democrats) များမရှိပဲ ဒီမိုကရေစီ
စနစ် မအောင်မြင် မဖြစ်ထွန်းနိုင်” ဟုတ် ဆိုစမှတ်ပြုကြသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီစနစ် အောင်မြင်
ဖြစ်ထွန်းရန်အတွက် လိုအပ်သော အကြောင်းအရာများကို နားလည်မှုရှိသော လုံလောက်သော
နိုင်ငံသားအရေအတွက်၊ ဒီမိုကရေစီ အကျိုးဖြစ်ထွန်းရေးအတွက် ဆောင်ရွက်လိုသော ဆန္ဒများ မရှိလျှင်
ဒီမိုကရေစီကို ရေရှည်တည်တံ့ခိုင်မြဲအောင် မလုပ်ဆောင်နိုင်ပေ။ “လွတ်လပ်မှုသည် အလကားမရ” ဟုလည်း
ဆိုကြပြန်သေးသည်။ ဒီမိုကရေစီ အကျိုးစီးပွားလိုလားသူ များအား ရေရှည်ခိုင်မြဲသော
အားပေးတိုက်တွန်းမှုများလိုအပ်သည်။ ဤအချင်းအရာများကြောင့် ဒီမိုခရက်တစ်နိုင်ငံသားများသည်
နိုင်ငံသားတစ်ဦး၏ အရေးပါသော အခန်းကဏ္ဍများကို နားလည်သဘောပေါက်ပြီး ပြည့်ဝအောင်
ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပေသည်။
နိုင်ငံသားဖြစ်တည်မှုသည် နိုင်ငံတစ်နိုင်ငံ၏ အဖွဲ့ဝင်ဖြစ်တည်မှုကို ဆိုလိုသည်။ ဒီမိုကရေစီစနစ် တွင်
နိုင်ငံသားများသည် အုပ်ချုပ်သူ အစိုးရကို အပြည့်အ၀ ပိုင်ဆိုင်သည်။ အကြောင်းမှာ နိုင်ငံသားများ သည်
မိမိတို့အကျိုးစီးပွားအတွက်သာလျှင် အစိုးရကို တင်မြှောက်ထားခြင်းနှင့် မိမိတို့လိုအပ်ချက်များ၊
မျှော်မှန်းချက်များနှင့် ကွဲလွဲမှုရှိနေလျှင် မဲပေးရွေးချယ်ရာ၌ အစိုးရကိုပြောင်းလဲရန် အခွင့်အရေးများ
ပုံမှန်ရရှိခြင်းတို့ကြောင့် ဖြစ်သည်။
ဒီမိုကရေစီစနစ် အောင်မြင်မှုရရှိဖို့ ဆိုလျှင် နိုင်ငံသားများသည် ဒီမိုကရေစီနိုင်ငံ ရေးစနစ်အတွင်း
ရှိပြည်သူ့ အခန်းကဏ္ဍများကို လက်ခံပြီးပြည့်ဝအောင် ဖြည့်ဆည်းရမည်။ ယင်းတို့၏ အရေးပါသော အခန်း
ကဏ္ဍများထဲမှ တစ်ခုကိုဖော်ပြရလျှင် ဒီမိုကရက်တစ်နိုင်ငံသားများသည် ဥပဒေပြုစုအကောင်အထည်ဖော်
ကိုယ်စားလှယ်များကို ရွေးချယ်သောအခါ ရွေးကောက်ပွဲကာလအတွင်း ပြည့်သူ့အာဏာကို ကာလအပိုင်း
အခြားအားဖြင့် ဆုံးဖြတ်ကျင့်သုံးခွင့်ရှိသော ပြည့်သူအာဏာပိုင်ရှင်များဖြစ်သည်။ ပြည့်သူ့အာဏာ၏
အစိတ်အပိုင်းဖြစ်သော နိုင်ငံသားများ၏ အခန်းကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်မှုလည်း အထူးလိုအပ်လှပေသည်။
နိုင်ငံသားများသည် ရွေးကောက်ပွဲ နှင့်ပက်သက်၍ ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်နိုင်သော
သတင်းအချက်အလက်များ အရေးကိစ္စများကို မိမိတို့ အချင်းချင်းကြား သတင်းဖလှယ်ဆွေးနွေးမှုများ
တင်ထွန်းအောင်
3
ပြုလုပ်ရမည်။ နိုင်ငံသားများသည် အနည်းဆုံး ပြည်သူ့ဝန်ထမ်းဌာနများ အတွက် မိမိတို့ ရွေးချယ်
တင်မြှောက်မည့်သူများသည် ဒီမိုကရေစီ နှုန်းစံတန်ဖိုးများကို အထောက်အကူဖြစ်စေသော ကတိဝန်ခံ ချက်များ
ရှိမရှိ ဆိုသော အချက်များအရ ရွေးကောက်ပွဲတွင် မဲပေးရမည်။ နိုင်ငံသားများသည် ကတိဝန်ခံ ချက်များနှင့်
ရွေးကောက်ပွဲ အကြားတာဝန်သိသိ ပါဝင်ဆောင်ရွက်သော နည်းလမ်းများကို သိရှိထား သင့်သည်။
အခြားအခန်းကဏ္ဍတစ်ရပ်တွင် နိုင်ငံသားများသည် မိမိတို့ ရွေးကောက် တင်မြှောက်ထားသော
ကိုယ်စားလှယ်များ ပြုစုပြဌာန်းထားသော ဥပဒေများကို လိုက်နာရသည်။ ဤအချက်တွင် နိုင်ငံသားများ
သဘောမတူသော အချက်များပါသော်လည်း နိုင်ငံသားများ၏ ထိုဥပဒေများကို လိုက်နာလိုသော
သဘောတိမ်းညွှတ်မှုလည်းလိုအပ်ပေသည်။
ဒီမိုကရေစီစနစ် ဖြစ်ထွန်း အောင်မြင်စေရန် ဒီမိုကရက်တစ်နိုင်ငံသား ဖြစ်တည်မှုသည် အချို့သော နှုန်းစံ
တန်ဖိုးများနှင့် ဆက်စပ်သော ကတိဝန်ခံချက်များလည်း လိုအပ်ပေသည် ။ ထိုအချက်များမှာ….
o တစ်ဦးချင်း အခြေခံ အခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေပြု အစိုးရစနစ်များအား ထိန်းသိမ်း
ကာကွယ်ခြင်း။
o နိုင်ငံသားအခွင့်အရေး၊ တစ်ဦးချင်းနှင့် လူနည်းစု အခွင့်အရေးများ ပြည့်ဝ ညီညွတ် မျှတမှု
ရှိခြင်း၊ ဘာသာ၊လူမျိုး၊ လိင်ကဲ့သို့သော အခြေခံယုံကြည်မှုများ အပေါ် ဘေးအန္တရာယ်
ခြိမ်းခြောက်မှုများမှ လွတ်လပ်မှုရှိခြင်း စသော အခွင့်အရေးများနှင့် ဆက်စပ်၍ စိတ်ရှည်
သည်းခံမှုရှိခြင်း။
o ကွဲပြားခြားနားသော လူမှုရေး၊နိုင်ငံရေး အုပ်စုများ အကြား ဖြစ်ပေါ်သော ပဋိပက္ခများ
ငြိမ်းချမ်းမှု ရရှိအောင် စီမံခန့်ခွဲ ဆောင်ရွက်ရာတွင် စေ့စပ် ညှိနှိုင်းဆောင်ရွက်ခြင်း။
o ပြည်သူ့ရေးရာ မူဝါဒများ ပြည်သူများ အကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးပွဲများတွင်
ပြောဆိုပြုမူ ဆောင်ရွက်ချက်များ သမာသမတ်ကျကျ ယဉ်ကျေးသိမ့်မွေ့စွာ ပြောဆို
ဆောင်ရွက်ခြင်းတို့ဖြစ်သည်။
ကြမ်းတမ်း၍ စေ့စပ်ညှိနှိုင်း ဆောင်ရွက်တတ်မှု မရှိသော အစွန်းရောက်ဝါဒများ လွှမ်းမိုးနေသော
ဝန်းကျင် အသိုင်းအ၀ိုင်းအတွက် ဒီမိုကရေစီစနစ် မရှင်သန်နိုင်တော့ပေ။
ဒီမိုကရက်တစ်နိုင်ငံသားအခွင့်အရေးနှင့်တာဝန်များ (the Rights and Responsibilities of Democratic
Citizens)
ဒီမိုကရက်တစ်နိုင်ငံသားဖြစ်မှုသည် ဒီမိုကရေစီစနစ်၏ အရေးပါသော သွင်ပြင်လက္ခဏာကဲ့သို့ဖြစ်သော ကြောင့်
နိုင်ငံသားများသည် မိမိတို့၏ အခွင့်အရေးများနှင့် တာဝန်များကို နားလည်ခြင်းနှင့် နိုင်ငံသား အားလုံး၏
တင်ထွန်းအောင်
4
နိုင်ငံသားအခွင့်အရေးများကို ကာကွယ်ပေးခြင်းဖြင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက် ပါမည်ဆိုသော
ကတိဝန်ခံချက်များ ထားရှိခြင်း တို့သည် အခြေခံကျသော အချက်များဖြစ်သည်။
နိုင်ငံသားအခွင့်အရေးများထဲမှ အချို့ကို လူသားများအားလုံး မျှဝေရယူရသည်။ အခြားသော အခွင့်အရေး
များသည်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေပြုရေးဆွဲထားသော အခွင့်အရေးများဖြစ်သည်။ ပထမ
အရေးပါသော အခွင့်အရေးများမှာ လူ့အခွင့်အရေးဖြစ်ပြီး ဒုတိယမှာ ဥပဒေဖြင့် ရေးဆွဲထားသော ဥပဒေပါ
အခွင့်အရေးများ ဖြစ်ကြသည်။ ချွင်းချက်အချို့ရှိသော်လည်း အခွင့်အရေးများသည် တာဝန်များကို
ကျိုးကြောင်းဆက်စပ်မှုဟု ခေါ်ဆိုကြသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ဦး၏ အခွင့်အရေးရပိုင်ခွင့်များသည်
အခြားသူများ၏ တူညီသော အခွင့်အရေးကို လေးစားလိုက်နာရသော တာဝန်များ အနေဖြင့် ကျိုးကြောင်း
ဆက်စပ်နေသည်။
နိုင်ငံသား အခွင့်အရေးများ
လွတ်လပ်စွာ ရှင်သန်ရပ်တည်ခွင့်၊ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် တစ်ဦးချင်း လွတ်လပ်မှုများမှ အစပြု၍
အခြေခံလူ့အခွင့်အရေးများအား နိုင်ငံသားများကထိန်းသိမ်းလိုက်နာ ကျင့်သုံးရမည်။ အခြေခံအခွင့်အရေး
များမှာ -
 နိုင်ငံရေးဆိုင်ရာလွတ်လပ်ခွင့်
o လွတ်လပ်စွာမဲပေးခွင့်
o လွတ်လပ်မျှတ၍ ပုံမှန်ကျင်းပသော ရွေးကောက်ပွဲများတွင် အရွေးချယ်ခံပိုင်ခွင့်
o လွတ်လပ်စွာ နိုင်ငံရေးဟောပြောခွင့်
o နိုင်ငံရေးအသင်းအဖွဲ့၊ ပါတီများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်
 စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်
o ကိုယ်ပိုင်ပစ္စည်းဥစ္စာလွတ်လပ်စွာ ပိုင်ဆိုင်ခွင့်
o ဈေးကွက်စီးပွားရေးစနစ်တွင် ဈေးကွက်၌ လွတ်လပ်စွာ ရောင်းဝယ်ခွင့်
o အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်
o မည်သည့်လုပ်ငန်းမဆို လွတ်လပ်စွာ နှုတ်ထွက်ခွင့်
o စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ တည်ထောင်ပိုင်ခွင့်
o အခွန်အတုတ်များ အလွန်အမင်း ကောက်ခံမှုကို ပြဌာန်းထားသော ဥပဒေများကို မလိုက်နာပဲ
နေနိုင်ခွင့်
 လူပုဂ္ဂိုလ်ဆိုင်ရာ အခွင့်အရေးများ
o လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်
တင်ထွန်းအောင်
5
o လွတ်လပ်စွာ ဖော်ထုတ်ရေးသားဖော်ပြခွင့်
o လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်
o လွတ်လပ်စွာ သီးသန့်နေထိုင်ပိုင်ခွင့်
o မိမိနိုင်ငံအတွင်း လွတ်လပ်စွာ ပြောင်းရွှေ့သွားလာပိုင်ခွင့်
o မိမိနှစ်သက်သောနေရာတွင် လွတ်လပ်စွာ နေထိုင်ခွင့်
o မိမိိနေရပ်သို့ လွတ်လပ်စွာ ပြန်လာပိုင်ခွင့်
အခွင့်အရေးအချို့သည် နည်းလမ်းအမျိုးမျိုးဖြင့် အခြားအခွင့်အရေးများနှင့် ဆက်စပ်နေတတ်သည်။ ဥပမာ
အားဖြင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများသည် စီးပွားရေးဆိုင်ရာ အခွင့်အရေးများနှင့် နီးကပ်စွာ ဆက်စပ်
နေပေသည်။ အကြောင်းမှာ ပစ္စည်းဥစ္စာလုပ်ငန်းများအားလုံးနီးပါးကို အစိုရက ပိုင်ဆိုင်ချုပ်ကိုင်ထားမည်ဆို
လျှင် နိုင်ငံရေးဆိုင်ရာ လွတ်လပ်မှုအတွက် စီးပွားရေးအခြေခံများ မခိုင်မာ မရပ်တည်နိုင်ပေ။
နိုင်ငံသားတာဝန်များ
နိုင်ငံသားများ၏ အရေးကြီးသော တာဝန်ဝတ္တရားများတွင်
 ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
 အခွန်အခများ ပေးဆောင်ခြင်း
 စစ်မှုထမ်းခြင်း
 ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ထမ်းဆောင်ခြင်း စသောတာဝန်များ အပါအဝင်
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်သော ဥပဒေများကို လိုက်နာခြင်း။
 ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကို ဖောက်ဖျက်ကျူးလွန်သော ရွေးကောက်ပွဲဝင်
ကိုယ်စားလှယ်များကို ငြင်းပယ်ခြင်း
 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များနှင့် ဆန့်ကျင်သော မူဝါဒများကို ငြင်းပယ်ခြင်း
စသောတာဝန်များ အပါအဝင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပေဒ ထောက်ခံအားပေးခြင်း။
 ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများတွင် မဲပေးခြင်း
 ပြည်သူ့ရေးရာ ကိစ္စရပ်များနှင့် ပက်သက်၍ သတင်းအချက်အလက်များ လေ့လာသိရှိခြင်း။
 မိမိတို့ ရွေးချယ်ဆောင်ရွက်လိုသော နည်းလမ်းများအရ ပြည်သူ့ရေးရာကိစ္စရပ်များတွင် ပါဝင်
ဆောင်ရွက်ခြင်း။
 ကျင့်ဝတ်စည်းကမ်းများ လိုက်နာမှုအားနည်း လျော့ရဲလာသော အခါ ဖွဲ့စည်းပုံအခြေခံဥပဒေစည်း
မျဉ်းများ အရ နိုင်ငံရေးခေါင်းဆောင်များနှင့် အစိုးရဌာနများကို စောင့်ကြည့်ခြင်းနှင့် သင့်လျော်သော
အရေးယူ ဆောင်ရွက်ခြင်း အပါအဝင် နိုင်ငံတော်နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာ
စောင့်သိခြင်း စသည်တို့ ပါဝင်သည်။
 နိုင်ငံသားများအနေဖြင့် ဆောင်ရန် တာဝန်များအပြင် ရှောင်ရန်တာဝန်များလည်း ရှိသည်။
 နိုင်ငံတော်နှင့် ဒီမိုကရေစီစနစ်၏ ရန်သူများ ပေါင်းဖက်ဆည်းကပ်ခြင်း
တင်ထွန်းအောင်
6
 တိုင်းပြည်ကို သစ္စာဖောက်ဖျက်သည့် လုပ်ရပ်များ ပြုလုပ်ခြင်း
 တိုင်းပြည်အား သစ္စာဖောက်ဖျက်သည့် လုပ်ရပ်များကို အားပေးအားမြှောက်ပြုထောက်ခံပံ့ပိုးခြင်း
စသည့် လုပ်ရပ်တို့မှ ရှောင်ကြဉ်ရမည်မှာ နိုင်ငံသားတို့၏ ရှောင်ရန် တာဝန်မျာ ဖြစ်ပေတော့သည်။
ဒီမိုကရေစီနိုင်ငံသားများ၏ အခန်းကဏ္ဍ
နိုင်ငံသားများအား နိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေ အရ
ဖွဲ့စည်းထားသော အစိုးရတို့ကို စဉ်ဆက်မပြတ် အခွင့်အာဏာပေးထားသူများ အဖြစ် မှတ်ယူရမည်။
ဆိုလိုသည်မှာ ဒီမိုကရက်တစ်နိုင်ငံတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုခံရမှု အတွက်
ယင်းနိုင်ငံသားများက ဒီမိုကရေစီအပြည့်အဝရှိသည့် နိုင်ငံဟု အမြဲသဘောတူအသိ
အမှတ်ပြုမှသာလျှင် ရသောကြောင့်ဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးသာယာရေးနှင့် ပြည်သူကောင်းစားရေးအတွက် ပြည်သူ့ကိုယ်စားလှယ်များအဖြစ်
ဆောင်ရွက်ရသောကြောင့် နိုင်ငံသားများသည် မိမိကိုယ်ကို လူထုကိုယ်စားလှယ်များအဖြစ် မှတ်ယူသင့်ပေ
သည်။ နိုင်ငံသားအားလုံးသည် မိမိတို့ဆိုင်ရာဆိုင်ရာ ကိုယ်ရေးကိုယ်တာကိစ္စများနှင့် ပြည့်နှက်နေသော် လည်း
တိုင်းပြည်ကောင်းစားရေးအတွက် မိမိတို့မှာ တာဝန်ရှိသည်ဟု မှတ်ယူသဘောပေါက်သင့်ပေသည်။
ဒီမိုကရေစီစနစ် တည်ငြိမ်ကောင်းမွန်စွာ ထွန်းကားပြန့်ပွားဖို့ဆိုလျှင် နိုင်ငံသားများက ဒီမိုကရေစီစနစ်ရှိ
နိုင်ငံသားများ၏ အခန်းကဏ္ဍများကို လက်ခံပြီး ဖြည့်တင်းပံ့ပိုးဆောင်ရွက်ရမည်။ ဥပမာအားဖြင့်
ဒီမိုကရက်တစ်နိုင်ငံသားများက ဥပဒေပြုရေးကဏ္ဍနှင့် ပြည်သူ့ရေးရာမူဝါဒများ ချမှတ်အောင်ရွက်ရာတွင်
နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်ဆောင်ရွက်ရမည်။
ရွေးကောက်ပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်း
ကိုယ်စားပြုဒီမိုကရေစီစနစ်တွင် အချုပ်အခြာအာဏာပိုင်ပြည်သူတစ်ဦး အနေဖြင့် နိုင်ငံသားများသည်
ဥပဒေများကို ပြုစုအကောင်အထည်ဖော်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်း၊ အရေးကြီးသော ပြည်သူ
ရေးရာမူဝါဒကိစ္စရပ် အချို့ကို ဆုံးဖြတ်ရန်အတွက် လူထုညီလာခံများတွင် မကြာခဏမဲပေးခြင်းများ
လုပ်ဆောင်ရသည်။ ရွေးကောက်ပွဲများတွင် မဲပေးခြင်းသည် ဒီမိုကရေစီစနစ်ရှိ နိုင်ငံသားတာဝန်များထဲမှ
တာဝန်တစ်ခုပင်ဖြစ်ပေသည်။
 ရွေးကောက်ပွဲများကြားရှိ ပြည်သူ့ရေးရာမူဝါဒများကို စောင့်ကြည်လေ့လာခြင်း
ရွေးကောက်ပွဲများကျင်းပရာတွင် နိုင်ငံသားများသည် စောင့်ကြည့်လေ့လာမှုလုပ်ငန်းစဉ်များကို
ဆောင်ရွက်ကြသည်။ ရွေးကောက်ပွဲများတွင် နိုင်ငံသားများ၏ အခန်းကဏ္ဍဆောင်ရွက်ချက်တစ်ခု မှာ
ရွေးကောက်ပွဲ လေ့လာသုံးသပ်ခြင်းနှင့် စောင့်ကြည့်ဝေဖန်ခြင်းပင်ဖြစ်သည်။
ဤအခန်းကဏ္ဍတွင် နိုင်ငံသားများသည် ပြည်သူ့ရေးရာကိစ္စရပ်များကို သုတေသနပြုစောင့်ကြည့်
လေ့လာခြင်းနှင့် ပြည်သူ့ရေးရာကိစ္စရပ်များနှင့် ပက်သက်သော ကန့်ကွက်စရာ အချက်များ (သို့) အန
တင်ထွန်းအောင်
7
္တရာယ်ရှိနိုင်သော မည်သည့် ကဏ္ဍများ၌မဆို လူထုအား အသိပေးနိုင်သည့် နည်းလမ်းများကို
ရှာဖွေဖော်ထုတ်ခြင်းတို့ ဖြစ်သည်။
 ရွေးကောက်ပွဲများတွင် ပြည်သူ့ရေးရာမူဝါဒများလွှမ်းမိုးအောင် ဆောင်ရွက်ခြင်း
နိုင်ငံသားများသည် နိုင်ငံရေးနှင့် ပတ်သက်သော သတင်းများရယူပြီး ပြည်သူ့ရေးရာ ကိစ္စရပ်များကို
စောင့်ကြည့်စစ်ဆေးရန် ဆောင်ရွက်ရုံသာမက ပြည်သူ့ရေးရာမူဝါဒများ လွှမ်းမိုးစေ သည့်
ကျယ်ပြန့်သော အမျိုးမျိုးသော လုပ်ငန်းစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်ကြသည်။
ဥပမာအားဖြင့်
 လူထုအစည်းအဝေးပွဲများ ပြုလုပ်ခြင်း
နိုင်ငံသားများသည် နည်းလမ်းအမျိုးမျိုးဖြင့် လူထု၏ သဘောဆန္ဒများကို ထုတ်ဖော်ခြင်း
အားဖြင့် အစိုးရဝန်ကြီးဌာနများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အာရုံစိုက်သတိပြုလာ
ရန်အတွက် ပြည်သူ့ရေးရာမူဝါဒများထဲမှ အရေးကြီးသော အကြောင်းအရာများကို ကူညီ
ရွေးချယ်ပေးသည်။
 ပြည်သူ့ရေးရာကိစ္စများ အကဲဖြတ်ပေးခြင်း
ဒီမိုကရေစီစနစ်တွင် လူထုဆန္ဒသဘောထားအင်အားသည် အလွန်ကြီးမားသည်။ လူထု သည်
အစိုးရရုံးဌာနများ၏ လုပ်ကိုင်ဆောင်ရွက်မှုများ၏ အားနည်းချက်၊ အားသာချက်များ ကို
အပြီးသတ် အကဲဖြတ်သူဖြစ်သည်။ နိုင်ငံသားများ၏ အခြားကဏ္ဍတွင် ပြည်သူ့ရေးရာ
ကိစ္စရပ်များနှင့် ပက်သက်၍ အဆုံးအဖြတ်ပေးခြင်းနှင့် ထိုဆုံးဖြတ်ချက်များကို ဖော်ပြခြင်း
တို့လည်း ပါဝင်သည်။
 ပြည်သူ့ရေးရာ ကိစ္စရပ်များအပေါ်ရှိ သဘောထားဆန္ဒများ ဆက်စပ်ဖော်ထုတ်ခြင်း
ဤနည်းလမ်းများအရ လူထုစည်းဝေးပွဲများ၊ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ပွဲများတွင်
ပါဝင်ခြင်း၊ အစိုးရအဖွဲ့ဝင်များအား စာရေးသားပေးပို့ခြင်း၊ လက်မှတ်ရေးထိုးတောင်းဆိုခြင်း
ဆောင်းပါးများ ရေးသားခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အကျိုးတူအုပ်စုများ စုပေါင်း ၍
ဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်နိုင်သည်။
 သဘောဆန္ဒများ ပေါင်းစည်းခြင်း
နိုင်ငံသားတစ်ဦးချင်းစီသည်ယင်းတို့စိတ်ဝင်စားသော ပြည်သူ့ရေးရာမူဝါဒများကို အလေး
အနက်ထား ဆောင်ရွက်သော အသင်းအဖွဲ့များကို ဝင်ရောက်ခြင်း၊ ထောက်ပံ့ခြင်းတို့
ဖြစ်လာသောအခါ ယင်းတို့၏ အမြင်များကို စုပေါင်းယူဆောင်လာသည်။
 အောင်မြင်မှုရရှိရန် နိုင်ငံသားများသည် ဒီမိုကရေစီကျင့်စဉ်များနှင့် တန်ဖိုးများကို မိမိတို့ကိုယ်တိုင်
ဝန်ခံရမည်။
 ဒီမိုကရေစီစနစ်၏ အခြေခံကျသော တန်ဖိုးမှာ သည်းခံနိုင်ခြင်းဖြစ်သည်။ သည်းခံနိုင်ခြင်း
ဆိုသည်မှာ မိမိသဘောမတူနိုင်သောကိစ္စများ၊ မကြိုက်မနှစ်သက်သောကိစ္စများနှင့် ဆက်စပ်၍
သို့မဟုတ် မိမိနှင့် ကွဲပြားခြားနားသော ကိစ္စရပ်များကို လက်ခံရန် ငြင်းပယ်ခြင်း (သို့)
တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။
 နိုင်ငံသားများသည် မိမိတို့နှင့် အယူအဆ၊ ဘာသာတရား၊ နိုင်ငံရေးဝါဒ၊ အတွေးအခေါ်နှင့်
ကျား၊ မ လိင် ၊ အသားအရောင် စသည့် ကွဲလွဲမှုများကို သည်းခံနိုင်စွမ်းရှိသော စိတ်များ
တင်ထွန်းအောင်
8
နိုးကြားနေရမည်။ သည်းခံနိုင်စွမ်းမရှိခြင်းသည် ဒီမိုကရေစီစနစ်ကို အားနည်းစေသည်။
တခါတရံ ပျက်သုန်းစေသည်။ သို့သော် သည်းခံနိုင်စွမ်းသည် အကန့် အသတ်ရှိသည်။
အခြားသူများ၏ တူညီသော အခွင့်အရေးများကို ချိုးဖောက်နှောက်ယှက် သူများအတွက်
မိမိတို့အနေဖြင့် သည်းခံပေးရန် မလိုအပ်ပေ။
 ဒီမိုကရက်တစ်နိုင်ငံသားများအားလုံးသည် မိမိတို့၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာများအတွက်
အပြန်အလှန်တန်ဖိုးထား လေးစားရပေမည်။ ဒီမိုကရေစီစနစ်တွင် တရားမျှတမှု အခြေခံ
စည်းမျဉ်းများကို ချိုးဖောက်မှုများကို သည်းခံလိမ့်မည် မဟုတ်ပေ။
 သည်းခံနိုင်စွမ်းရှိခြင်းနှင့် နှီးနွယ်နေသောအရာမှာ အလယ်အလတ် (သို့) အစွန်းမရောက်ခြင်းပင်
ဖြစ်သည်။ စေ့စပ်ညှိနှိုင်းကြောင်းကျိုးကျကျ ဆွေးနွေးမှု မပြုနိုင်ပဲ ဂိုဏ်းဂဏဝါဒ စွဲလွန်းသော
ပတ်ဝန်းကျင်တွင် ဒီမိုကရေစီ မဖွံ့ဖြိုး မထွန်းကားနိုင်ပေ။
 ဒီမိုကရေစီစနစ်၏ အရေးအကြီးဆုံး နှုန်းစံတန်ဖိုးများထဲတွင် စေ့စပ်ညှိနှိုင်းခြင်းဆိုသည့်အချက် လည်း
ပါဝင်သည်။ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း အလေ့အထမရှိသူများသည်လည်း နိုင်ငံရေးစနစ် များမှ
ကင်းကွာလာပြီး နောက်ဆုံးအန္တရာယ်ပေးနိုင်သည့် အခြေအနေထိရောက်ရှိကောင်း ရောက်
ရှိသွားနိုင်သည်။
 အချို့ကိစ္စရပ်များတွင် လွှတ်တော်ကိုယ်စားလှယ်များကြား စေ့စပ်ညှိနှိုင်းဆွေးနွေးမှု တစုံတခုသော
အတိုင်းအတာမျှ မရှိလျှင် ဥပဒေပြုလွှတ်တော်သည်ပင် ဥပဒေပြုရေးကိစ္စများတွင် နှောင့်နှေး
ကြန့်ကြာသွားနိုင်သည်။
 နောက်ဆုံးအနေဖြင့် နိုင်ငံသားများသည် အများအကျိုးအတွက် မိမိကိုယ်ရေးကိုယ်တာ
အကျိုးစီးပွားရပ်များ စွန့်လွှတ်ဖို့ လိုအပ်ကောင်းလိုအပ်ပေမည်။ စစ်ဖြစ်နေသောကာလများတွင်
စစ်မှုထမ်းရနိုင်ပြီး ငြိမ်းချမ်းသောအချိန်တွင် အခြားသော နိုင်ငံတာဝန်များ ထမ်းဆောင်ရနိုင်ပေ သည်။
 သဘာဝ ဘေးအန္တရာယ်ကဲ့သို့သော အရေးပေါ် အခြေအတွင်း၌လည်း ကိုယ်ကျိုးစွန့် အနစ်နာခံမှု များ
လိုအပ်လိမ့်မည်။ အများအကျိုးအတွက် အခွန်အခများ ထမ်းဆောင်ခြင်းသည်လည်း အနစ်နာ ခံမှု
တစ်မျိုးဟု ယူဆက ယူဆနိုင်သည်။
 နိုင်ငံသားများ၏ အာရုံစူးစိုက်မှုရရှိအောင် ယှဉ်ပြိုင်နေရခြင်း
ခေတ်သစ်လူ့အဖွဲ့အစည်းသည် မိမိတို့ အချိန်၊ စွမ်းဆောင်ရည်၊ ၎င်းတို့မိသားစုဝင်များ၏ အာရုံ
စူးစိုက်မှုရရှိရန် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်။ ယနေ့နိုင်ငံသားများသည် လုပ်ငန်း၊ မိသားစုရေး ရာ
ကိစ္စများ၊ အခြားစိတ်ဝင်စားစရာ ကိစ္စများနှင့် လုပ်ငန်းဆောင်တာများ ကြားတွင် အချိန်များ
ကုန်ဆုံးနေရသည်။
 နိုင်ငံသားများသည် မိမိတို့၏ ဘဝရပ်တည်မှု အတွက် စီးပွားရေးလုပ်ငန်းများတွင်သာ အချိန်ကုန်
လူပမ်းဖြစ်နေရသောကြောင့် လူထုရေးရာကိစ္စများတွေ့ဆုံဆွေးနွေးပွဲများကို သိပ်၍ အာရုံစိုက်
မသွားနိုင်ပေ။
ထို့ကြောင့် တကယ့်လက်တွေ့တွင် ဒီမိုကရက်တစ်နိုင်ငံဖြစ်မှု၏ လိုအပ်ချက်များနှင့် နိုင်ငံသားများ
ရှင်သန်နေထိုင်မှုအတွက် လိုအပ်ချက်၊ တာဝန်များ၊ အကျိုးစီးပွားကြားတွင် အားပြိုင်မှုများ ရှိနေ သည်။
တင်ထွန်းအောင်
9
လူထုအနေဖြင့် လူထုရေးရာကိစ္စရပ်များတွင် စိတ်ဝင်စားမှု ပမာဏလျော့ကျလာခြင်းသည် ပြဿနာတစ်ရပ်
ပင်ဖြစ်သည်။ မိမိအုပ်ချုပ်ရာဒေသရှိ လူထုနှင့် ထိတွေ့မှုကင်းသော ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားများ
ပေါများလာခြင်းသည် လူထုရေးရာကိစ္စများအတွက် စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။ ဤသို့သော အခြေအနေ
မျိုးတွင် ဒီမိုကရေစီစနစ်သည် တဖြည်းဖြည်းချင်းပျက်စီးဖွယ် အလားအလာများနှင့် ရင်ဆိုင်နေရပေမည်။
ဤစာတမ်းကို ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း၌ စာရေးသူ
သင်ကြားသည့် ဒီမိုကရက်တစ် နိုင်ငံသားဖြစ်မှု ဘာသာရပ်တွင် ဖတ်စာ
အနေဖြင့် ဖြန့်ချိခဲ့ဖူးပါသည်။
အယ်ဒီတာ

More Related Content

Viewers also liked

Exam of June 2016, Mathematical Statistics 3rd year
Exam of June 2016, Mathematical Statistics 3rd yearExam of June 2016, Mathematical Statistics 3rd year
Exam of June 2016, Mathematical Statistics 3rd yearChristian Robert
 
Lets go green to get our globe clean
Lets go green to get our globe cleanLets go green to get our globe clean
Lets go green to get our globe cleanhira naseer
 
HSEsun2016: "Почему Клуб менторов стал Founders club"
HSEsun2016: "Почему Клуб менторов стал Founders club"HSEsun2016: "Почему Клуб менторов стал Founders club"
HSEsun2016: "Почему Клуб менторов стал Founders club"Business incubator HSE
 
HSEsun206: "Предприниматели с детства: есть ли смысл работать со школьниками"
HSEsun206: "Предприниматели с детства: есть ли смысл работать со школьниками"HSEsun206: "Предприниматели с детства: есть ли смысл работать со школьниками"
HSEsun206: "Предприниматели с детства: есть ли смысл работать со школьниками"Business incubator HSE
 
Programmatic-технологии в рекламе или как найти свою целевую аудиторию, где б...
Programmatic-технологии в рекламе или как найти свою целевую аудиторию, где б...Programmatic-технологии в рекламе или как найти свою целевую аудиторию, где б...
Programmatic-технологии в рекламе или как найти свою целевую аудиторию, где б...Business incubator HSE
 
China pakistan economic corridor Project
China pakistan economic corridor ProjectChina pakistan economic corridor Project
China pakistan economic corridor Projectanwaar azad
 
Vimpelcom: Transformation to Digital Business
Vimpelcom: Transformation to Digital BusinessVimpelcom: Transformation to Digital Business
Vimpelcom: Transformation to Digital BusinessIvano Digital
 

Viewers also liked (7)

Exam of June 2016, Mathematical Statistics 3rd year
Exam of June 2016, Mathematical Statistics 3rd yearExam of June 2016, Mathematical Statistics 3rd year
Exam of June 2016, Mathematical Statistics 3rd year
 
Lets go green to get our globe clean
Lets go green to get our globe cleanLets go green to get our globe clean
Lets go green to get our globe clean
 
HSEsun2016: "Почему Клуб менторов стал Founders club"
HSEsun2016: "Почему Клуб менторов стал Founders club"HSEsun2016: "Почему Клуб менторов стал Founders club"
HSEsun2016: "Почему Клуб менторов стал Founders club"
 
HSEsun206: "Предприниматели с детства: есть ли смысл работать со школьниками"
HSEsun206: "Предприниматели с детства: есть ли смысл работать со школьниками"HSEsun206: "Предприниматели с детства: есть ли смысл работать со школьниками"
HSEsun206: "Предприниматели с детства: есть ли смысл работать со школьниками"
 
Programmatic-технологии в рекламе или как найти свою целевую аудиторию, где б...
Programmatic-технологии в рекламе или как найти свою целевую аудиторию, где б...Programmatic-технологии в рекламе или как найти свою целевую аудиторию, где б...
Programmatic-технологии в рекламе или как найти свою целевую аудиторию, где б...
 
China pakistan economic corridor Project
China pakistan economic corridor ProjectChina pakistan economic corridor Project
China pakistan economic corridor Project
 
Vimpelcom: Transformation to Digital Business
Vimpelcom: Transformation to Digital BusinessVimpelcom: Transformation to Digital Business
Vimpelcom: Transformation to Digital Business
 

More from aungkokotoe

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmaraungkokotoe
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methodsaungkokotoe
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytaungkokotoe
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thaytaungkokotoe
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracyaungkokotoe
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politicsaungkokotoe
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thaytaungkokotoe
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeaungkokotoe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toeaungkokotoe
 
How nationalism
How nationalism How nationalism
How nationalism aungkokotoe
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalismaungkokotoe
 
Book review album number three
Book review album number threeBook review album number three
Book review album number threeaungkokotoe
 
Book review album number two
Book review album number twoBook review album number two
Book review album number twoaungkokotoe
 
Book review album number one
Book review album number oneBook review album number one
Book review album number oneaungkokotoe
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's bookaungkokotoe
 
Identity politics
Identity politicsIdentity politics
Identity politicsaungkokotoe
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)aungkokotoe
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)aungkokotoe
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)aungkokotoe
 

More from aungkokotoe (20)

China factors on Myanmar
China factors on MyanmarChina factors on Myanmar
China factors on Myanmar
 
Burmese Writing Methods
Burmese Writing MethodsBurmese Writing Methods
Burmese Writing Methods
 
Strategic loaction of myanmar by min thayt
Strategic loaction of myanmar by min thaytStrategic loaction of myanmar by min thayt
Strategic loaction of myanmar by min thayt
 
Myanmar geopolitics by min thayt
Myanmar geopolitics by min thaytMyanmar geopolitics by min thayt
Myanmar geopolitics by min thayt
 
Myanmar transition to democracy
Myanmar transition to democracyMyanmar transition to democracy
Myanmar transition to democracy
 
Introduction to politics
Introduction to politicsIntroduction to politics
Introduction to politics
 
Chinese fever by min thayt
Chinese fever by min thaytChinese fever by min thayt
Chinese fever by min thayt
 
Icc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toeIcc and arab spring by aung ko ko toe
Icc and arab spring by aung ko ko toe
 
Population by Aung Ko Ko Toe
Population by Aung Ko Ko ToePopulation by Aung Ko Ko Toe
Population by Aung Ko Ko Toe
 
How nationalism
How nationalism How nationalism
How nationalism
 
The rise of nationalism
The rise of nationalismThe rise of nationalism
The rise of nationalism
 
Book review album number three
Book review album number threeBook review album number three
Book review album number three
 
Book review album number two
Book review album number twoBook review album number two
Book review album number two
 
Book review album number one
Book review album number oneBook review album number one
Book review album number one
 
Min thayt's book
Min thayt's bookMin thayt's book
Min thayt's book
 
Nationalism
NationalismNationalism
Nationalism
 
Identity politics
Identity politicsIdentity politics
Identity politics
 
Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)Brief History of National League for Democracy (Burmese)
Brief History of National League for Democracy (Burmese)
 
Critical thinking (burmese)
Critical thinking (burmese)Critical thinking (burmese)
Critical thinking (burmese)
 
Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)Strategic important of Myanmar (Burmese)
Strategic important of Myanmar (Burmese)
 

Jss (letter 14) - copy

  • 1. တင်ထွန်းအောင် 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂) ဒီမိုကရက်တစ် နိုင်ငံသားဖြစ်မှု တင်ထွန်းအောင် ဤစာတမ်းသည် ဒီမိုကရေစီနိုင်ငံသားတစ်ယောက် အတွက် တာဝန်နှင့် အခွင့်အရေးများကို အချက်ကျကျ ပြဆို ထားသည့် စာတမ်းဖြစ်သည်။ ဒီမိုကရက်တစ်နှုန်းစံများကို စနစ်တကျ ပြုစုထားသည်။ လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေသည်ဖြစ်ရာ ပြည်သူတို့အဖို့လည်း မိမိတို့နှင့် ထိုက်တန်သော ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းရန် လိုအပ်သည်။ ထို့ကြောင့် ဤစာတမ်းငယ်သည် နိုင်ငံသားတစ်ဦး အတွက် ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းနိုင်ရန် အတွက် ဖတ်ရှုသင့်သည့် စာတစ်စောင်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ အယ်ဒီတာ တင်ထွန်းအောင် 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂) ဒီမိုကရက်တစ် နိုင်ငံသားဖြစ်မှု တင်ထွန်းအောင် ဤစာတမ်းသည် ဒီမိုကရေစီနိုင်ငံသားတစ်ယောက် အတွက် တာဝန်နှင့် အခွင့်အရေးများကို အချက်ကျကျ ပြဆို ထားသည့် စာတမ်းဖြစ်သည်။ ဒီမိုကရက်တစ်နှုန်းစံများကို စနစ်တကျ ပြုစုထားသည်။ လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေသည်ဖြစ်ရာ ပြည်သူတို့အဖို့လည်း မိမိတို့နှင့် ထိုက်တန်သော ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းရန် လိုအပ်သည်။ ထို့ကြောင့် ဤစာတမ်းငယ်သည် နိုင်ငံသားတစ်ဦး အတွက် ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းနိုင်ရန် အတွက် ဖတ်ရှုသင့်သည့် စာတစ်စောင်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ အယ်ဒီတာ တင်ထွန်းအောင် 1 မေ ၂၀၁၅ / အတွဲ(၁) အမှတ် (၂) ဒီမိုကရက်တစ် နိုင်ငံသားဖြစ်မှု တင်ထွန်းအောင် ဤစာတမ်းသည် ဒီမိုကရေစီနိုင်ငံသားတစ်ယောက် အတွက် တာဝန်နှင့် အခွင့်အရေးများကို အချက်ကျကျ ပြဆို ထားသည့် စာတမ်းဖြစ်သည်။ ဒီမိုကရက်တစ်နှုန်းစံများကို စနစ်တကျ ပြုစုထားသည်။ လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေသည်ဖြစ်ရာ ပြည်သူတို့အဖို့လည်း မိမိတို့နှင့် ထိုက်တန်သော ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းရန် လိုအပ်သည်။ ထို့ကြောင့် ဤစာတမ်းငယ်သည် နိုင်ငံသားတစ်ဦး အတွက် ဒီမိုကရက်တစ် အရည်အသွေးများ ဖြည့်တင်းနိုင်ရန် အတွက် ဖတ်ရှုသင့်သည့် စာတစ်စောင်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ အယ်ဒီတာ
  • 2. တင်ထွန်းအောင် 2 ဒီမိုကရက်တစ်နိုင်ငံသားဖြစ်မှု (Democratic Citizenship) ဒီမိုကရက်တစ်နိုင်ငံသားဖြစ်မှု နိဒါန်း ဒီမိုကရေစီသည် နိုင်ငံသားများ၏ ထောက်ပံ့ အားပေးမှုဖြင့်သာ အောင်မြင်နိုင်သည်။ ဤအချက် သည် ဒီမိုကရေစီ စနစ်သို့ အသွင်ကူးပြောင်းနေသော နိုင်ငံ သို့မဟုတ် လူမှုအဖွဲ့အစည်းများ အတွက် အလွန် အရေးကြီးသော အချက်ဖြစ်သည်။ “ဒီမိုကရေစီကို သက်ဝင်ယုံကြည်သူများ(Democrats) များမရှိပဲ ဒီမိုကရေစီ စနစ် မအောင်မြင် မဖြစ်ထွန်းနိုင်” ဟုတ် ဆိုစမှတ်ပြုကြသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီစနစ် အောင်မြင် ဖြစ်ထွန်းရန်အတွက် လိုအပ်သော အကြောင်းအရာများကို နားလည်မှုရှိသော လုံလောက်သော နိုင်ငံသားအရေအတွက်၊ ဒီမိုကရေစီ အကျိုးဖြစ်ထွန်းရေးအတွက် ဆောင်ရွက်လိုသော ဆန္ဒများ မရှိလျှင် ဒီမိုကရေစီကို ရေရှည်တည်တံ့ခိုင်မြဲအောင် မလုပ်ဆောင်နိုင်ပေ။ “လွတ်လပ်မှုသည် အလကားမရ” ဟုလည်း ဆိုကြပြန်သေးသည်။ ဒီမိုကရေစီ အကျိုးစီးပွားလိုလားသူ များအား ရေရှည်ခိုင်မြဲသော အားပေးတိုက်တွန်းမှုများလိုအပ်သည်။ ဤအချင်းအရာများကြောင့် ဒီမိုခရက်တစ်နိုင်ငံသားများသည် နိုင်ငံသားတစ်ဦး၏ အရေးပါသော အခန်းကဏ္ဍများကို နားလည်သဘောပေါက်ပြီး ပြည့်ဝအောင် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပေသည်။ နိုင်ငံသားဖြစ်တည်မှုသည် နိုင်ငံတစ်နိုင်ငံ၏ အဖွဲ့ဝင်ဖြစ်တည်မှုကို ဆိုလိုသည်။ ဒီမိုကရေစီစနစ် တွင် နိုင်ငံသားများသည် အုပ်ချုပ်သူ အစိုးရကို အပြည့်အ၀ ပိုင်ဆိုင်သည်။ အကြောင်းမှာ နိုင်ငံသားများ သည် မိမိတို့အကျိုးစီးပွားအတွက်သာလျှင် အစိုးရကို တင်မြှောက်ထားခြင်းနှင့် မိမိတို့လိုအပ်ချက်များ၊ မျှော်မှန်းချက်များနှင့် ကွဲလွဲမှုရှိနေလျှင် မဲပေးရွေးချယ်ရာ၌ အစိုးရကိုပြောင်းလဲရန် အခွင့်အရေးများ ပုံမှန်ရရှိခြင်းတို့ကြောင့် ဖြစ်သည်။ ဒီမိုကရေစီစနစ် အောင်မြင်မှုရရှိဖို့ ဆိုလျှင် နိုင်ငံသားများသည် ဒီမိုကရေစီနိုင်ငံ ရေးစနစ်အတွင်း ရှိပြည်သူ့ အခန်းကဏ္ဍများကို လက်ခံပြီးပြည့်ဝအောင် ဖြည့်ဆည်းရမည်။ ယင်းတို့၏ အရေးပါသော အခန်း ကဏ္ဍများထဲမှ တစ်ခုကိုဖော်ပြရလျှင် ဒီမိုကရက်တစ်နိုင်ငံသားများသည် ဥပဒေပြုစုအကောင်အထည်ဖော် ကိုယ်စားလှယ်များကို ရွေးချယ်သောအခါ ရွေးကောက်ပွဲကာလအတွင်း ပြည့်သူ့အာဏာကို ကာလအပိုင်း အခြားအားဖြင့် ဆုံးဖြတ်ကျင့်သုံးခွင့်ရှိသော ပြည့်သူအာဏာပိုင်ရှင်များဖြစ်သည်။ ပြည့်သူ့အာဏာ၏ အစိတ်အပိုင်းဖြစ်သော နိုင်ငံသားများ၏ အခန်းကဏ္ဍတွင် ပါဝင်ယှဉ်ပြိုင်မှုလည်း အထူးလိုအပ်လှပေသည်။ နိုင်ငံသားများသည် ရွေးကောက်ပွဲ နှင့်ပက်သက်၍ ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်နိုင်သော သတင်းအချက်အလက်များ အရေးကိစ္စများကို မိမိတို့ အချင်းချင်းကြား သတင်းဖလှယ်ဆွေးနွေးမှုများ
  • 3. တင်ထွန်းအောင် 3 ပြုလုပ်ရမည်။ နိုင်ငံသားများသည် အနည်းဆုံး ပြည်သူ့ဝန်ထမ်းဌာနများ အတွက် မိမိတို့ ရွေးချယ် တင်မြှောက်မည့်သူများသည် ဒီမိုကရေစီ နှုန်းစံတန်ဖိုးများကို အထောက်အကူဖြစ်စေသော ကတိဝန်ခံ ချက်များ ရှိမရှိ ဆိုသော အချက်များအရ ရွေးကောက်ပွဲတွင် မဲပေးရမည်။ နိုင်ငံသားများသည် ကတိဝန်ခံ ချက်များနှင့် ရွေးကောက်ပွဲ အကြားတာဝန်သိသိ ပါဝင်ဆောင်ရွက်သော နည်းလမ်းများကို သိရှိထား သင့်သည်။ အခြားအခန်းကဏ္ဍတစ်ရပ်တွင် နိုင်ငံသားများသည် မိမိတို့ ရွေးကောက် တင်မြှောက်ထားသော ကိုယ်စားလှယ်များ ပြုစုပြဌာန်းထားသော ဥပဒေများကို လိုက်နာရသည်။ ဤအချက်တွင် နိုင်ငံသားများ သဘောမတူသော အချက်များပါသော်လည်း နိုင်ငံသားများ၏ ထိုဥပဒေများကို လိုက်နာလိုသော သဘောတိမ်းညွှတ်မှုလည်းလိုအပ်ပေသည်။ ဒီမိုကရေစီစနစ် ဖြစ်ထွန်း အောင်မြင်စေရန် ဒီမိုကရက်တစ်နိုင်ငံသား ဖြစ်တည်မှုသည် အချို့သော နှုန်းစံ တန်ဖိုးများနှင့် ဆက်စပ်သော ကတိဝန်ခံချက်များလည်း လိုအပ်ပေသည် ။ ထိုအချက်များမှာ…. o တစ်ဦးချင်း အခြေခံ အခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေပြု အစိုးရစနစ်များအား ထိန်းသိမ်း ကာကွယ်ခြင်း။ o နိုင်ငံသားအခွင့်အရေး၊ တစ်ဦးချင်းနှင့် လူနည်းစု အခွင့်အရေးများ ပြည့်ဝ ညီညွတ် မျှတမှု ရှိခြင်း၊ ဘာသာ၊လူမျိုး၊ လိင်ကဲ့သို့သော အခြေခံယုံကြည်မှုများ အပေါ် ဘေးအန္တရာယ် ခြိမ်းခြောက်မှုများမှ လွတ်လပ်မှုရှိခြင်း စသော အခွင့်အရေးများနှင့် ဆက်စပ်၍ စိတ်ရှည် သည်းခံမှုရှိခြင်း။ o ကွဲပြားခြားနားသော လူမှုရေး၊နိုင်ငံရေး အုပ်စုများ အကြား ဖြစ်ပေါ်သော ပဋိပက္ခများ ငြိမ်းချမ်းမှု ရရှိအောင် စီမံခန့်ခွဲ ဆောင်ရွက်ရာတွင် စေ့စပ် ညှိနှိုင်းဆောင်ရွက်ခြင်း။ o ပြည်သူ့ရေးရာ မူဝါဒများ ပြည်သူများ အကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးပွဲများတွင် ပြောဆိုပြုမူ ဆောင်ရွက်ချက်များ သမာသမတ်ကျကျ ယဉ်ကျေးသိမ့်မွေ့စွာ ပြောဆို ဆောင်ရွက်ခြင်းတို့ဖြစ်သည်။ ကြမ်းတမ်း၍ စေ့စပ်ညှိနှိုင်း ဆောင်ရွက်တတ်မှု မရှိသော အစွန်းရောက်ဝါဒများ လွှမ်းမိုးနေသော ၀န်းကျင် အသိုင်းအ၀ိုင်းအတွက် ဒီမိုကရေစီစနစ် မရှင်သန်နိုင်တော့ပေ။ ဒီမိုကရက်တစ်နိုင်ငံသားအခွင့်အရေးနှင့်တာဝန်များ (the Rights and Responsibilities of Democratic Citizens) ဒီမိုကရက်တစ်နိုင်ငံသားဖြစ်မှုသည် ဒီမိုကရေစီစနစ်၏ အရေးပါသော သွင်ပြင်လက္ခဏာကဲ့သို့ဖြစ်သော ကြောင့် နိုင်ငံသားများသည် မိမိတို့၏ အခွင့်အရေးများနှင့် တာဝန်များကို နားလည်ခြင်းနှင့် နိုင်ငံသား အားလုံး၏
  • 4. တင်ထွန်းအောင် 4 နိုင်ငံသားအခွင့်အရေးများကို ကာကွယ်ပေးခြင်းဖြင့် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက် ပါမည်ဆိုသော ကတိဝန်ခံချက်များ ထားရှိခြင်း တို့သည် အခြေခံကျသော အချက်များဖြစ်သည်။ နိုင်ငံသားအခွင့်အရေးများထဲမှ အချို့ကို လူသားများအားလုံး မျှဝေရယူရသည်။ အခြားသော အခွင့်အရေး များသည်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေပြုရေးဆွဲထားသော အခွင့်အရေးများဖြစ်သည်။ ပထမ အရေးပါသော အခွင့်အရေးများမှာ လူ့အခွင့်အရေးဖြစ်ပြီး ဒုတိယမှာ ဥပဒေဖြင့် ရေးဆွဲထားသော ဥပဒေပါ အခွင့်အရေးများ ဖြစ်ကြသည်။ ချွင်းချက်အချို့ရှိသော်လည်း အခွင့်အရေးများသည် တာဝန်များကို ကျိုးကြောင်းဆက်စပ်မှုဟု ခေါ်ဆိုကြသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ဦး၏ အခွင့်အရေးရပိုင်ခွင့်များသည် အခြားသူများ၏ တူညီသော အခွင့်အရေးကို လေးစားလိုက်နာရသော တာဝန်များ အနေဖြင့် ကျိုးကြောင်း ဆက်စပ်နေသည်။ နိုင်ငံသား အခွင့်အရေးများ လွတ်လပ်စွာ ရှင်သန်ရပ်တည်ခွင့်၊ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် တစ်ဦးချင်း လွတ်လပ်မှုများမှ အစပြု၍ အခြေခံလူ့အခွင့်အရေးများအား နိုင်ငံသားများကထိန်းသိမ်းလိုက်နာ ကျင့်သုံးရမည်။ အခြေခံအခွင့်အရေး များမှာ -  နိုင်ငံရေးဆိုင်ရာလွတ်လပ်ခွင့် o လွတ်လပ်စွာမဲပေးခွင့် o လွတ်လပ်မျှတ၍ ပုံမှန်ကျင်းပသော ရွေးကောက်ပွဲများတွင် အရွေးချယ်ခံပိုင်ခွင့် o လွတ်လပ်စွာ နိုင်ငံရေးဟောပြောခွင့် o နိုင်ငံရေးအသင်းအဖွဲ့၊ ပါတီများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်  စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့် o ကိုယ်ပိုင်ပစ္စည်းဥစ္စာလွတ်လပ်စွာ ပိုင်ဆိုင်ခွင့် o ဈေးကွက်စီးပွားရေးစနစ်တွင် ဈေးကွက်၌ လွတ်လပ်စွာ ရောင်းဝယ်ခွင့် o အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် o မည်သည့်လုပ်ငန်းမဆို လွတ်လပ်စွာ နှုတ်ထွက်ခွင့် o စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ တည်ထောင်ပိုင်ခွင့် o အခွန်အတုတ်များ အလွန်အမင်း ကောက်ခံမှုကို ပြဌာန်းထားသော ဥပဒေများကို မလိုက်နာပဲ နေနိုင်ခွင့်  လူပုဂ္ဂိုလ်ဆိုင်ရာ အခွင့်အရေးများ o လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်
  • 5. တင်ထွန်းအောင် 5 o လွတ်လပ်စွာ ဖော်ထုတ်ရေးသားဖော်ပြခွင့် o လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် o လွတ်လပ်စွာ သီးသန့်နေထိုင်ပိုင်ခွင့် o မိမိနိုင်ငံအတွင်း လွတ်လပ်စွာ ပြောင်းရွှေ့သွားလာပိုင်ခွင့် o မိမိနှစ်သက်သောနေရာတွင် လွတ်လပ်စွာ နေထိုင်ခွင့် o မိမိိနေရပ်သို့ လွတ်လပ်စွာ ပြန်လာပိုင်ခွင့် အခွင့်အရေးအချို့သည် နည်းလမ်းအမျိုးမျိုးဖြင့် အခြားအခွင့်အရေးများနှင့် ဆက်စပ်နေတတ်သည်။ ဥပမာ အားဖြင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများသည် စီးပွားရေးဆိုင်ရာ အခွင့်အရေးများနှင့် နီးကပ်စွာ ဆက်စပ် နေပေသည်။ အကြောင်းမှာ ပစ္စည်းဥစ္စာလုပ်ငန်းများအားလုံးနီးပါးကို အစိုရက ပိုင်ဆိုင်ချုပ်ကိုင်ထားမည်ဆို လျှင် နိုင်ငံရေးဆိုင်ရာ လွတ်လပ်မှုအတွက် စီးပွားရေးအခြေခံများ မခိုင်မာ မရပ်တည်နိုင်ပေ။ နိုင်ငံသားတာဝန်များ နိုင်ငံသားများ၏ အရေးကြီးသော တာဝန်ဝတ္တရားများတွင်  ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်း  အခွန်အခများ ပေးဆောင်ခြင်း  စစ်မှုထမ်းခြင်း  ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် ထမ်းဆောင်ခြင်း စသောတာဝန်များ အပါအဝင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်သော ဥပဒေများကို လိုက်နာခြင်း။  ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကို ဖောက်ဖျက်ကျူးလွန်သော ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များကို ငြင်းပယ်ခြင်း  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များနှင့် ဆန့်ကျင်သော မူဝါဒများကို ငြင်းပယ်ခြင်း စသောတာဝန်များ အပါအဝင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပေဒ ထောက်ခံအားပေးခြင်း။  ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများတွင် မဲပေးခြင်း  ပြည်သူ့ရေးရာ ကိစ္စရပ်များနှင့် ပက်သက်၍ သတင်းအချက်အလက်များ လေ့လာသိရှိခြင်း။  မိမိတို့ ရွေးချယ်ဆောင်ရွက်လိုသော နည်းလမ်းများအရ ပြည်သူ့ရေးရာကိစ္စရပ်များတွင် ပါဝင် ဆောင်ရွက်ခြင်း။  ကျင့်ဝတ်စည်းကမ်းများ လိုက်နာမှုအားနည်း လျော့ရဲလာသော အခါ ဖွဲ့စည်းပုံအခြေခံဥပဒေစည်း မျဉ်းများ အရ နိုင်ငံရေးခေါင်းဆောင်များနှင့် အစိုးရဌာနများကို စောင့်ကြည့်ခြင်းနှင့် သင့်လျော်သော အရေးယူ ဆောင်ရွက်ခြင်း အပါအဝင် နိုင်ငံတော်နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာ စောင့်သိခြင်း စသည်တို့ ပါဝင်သည်။  နိုင်ငံသားများအနေဖြင့် ဆောင်ရန် တာဝန်များအပြင် ရှောင်ရန်တာဝန်များလည်း ရှိသည်။  နိုင်ငံတော်နှင့် ဒီမိုကရေစီစနစ်၏ ရန်သူများ ပေါင်းဖက်ဆည်းကပ်ခြင်း
  • 6. တင်ထွန်းအောင် 6  တိုင်းပြည်ကို သစ္စာဖောက်ဖျက်သည့် လုပ်ရပ်များ ပြုလုပ်ခြင်း  တိုင်းပြည်အား သစ္စာဖောက်ဖျက်သည့် လုပ်ရပ်များကို အားပေးအားမြှောက်ပြုထောက်ခံပံ့ပိုးခြင်း စသည့် လုပ်ရပ်တို့မှ ရှောင်ကြဉ်ရမည်မှာ နိုင်ငံသားတို့၏ ရှောင်ရန် တာဝန်မျာ ဖြစ်ပေတော့သည်။ ဒီမိုကရေစီနိုင်ငံသားများ၏ အခန်းကဏ္ဍ နိုင်ငံသားများအား နိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဖွဲ့စည်းထားသော အစိုးရတို့ကို စဉ်ဆက်မပြတ် အခွင့်အာဏာပေးထားသူများ အဖြစ် မှတ်ယူရမည်။ ဆိုလိုသည်မှာ ဒီမိုကရက်တစ်နိုင်ငံတစ်ခုအဖြစ် တရားဝင်အသိအမှတ်ပြုခံရမှု အတွက် ယင်းနိုင်ငံသားများက ဒီမိုကရေစီအပြည့်အဝရှိသည့် နိုင်ငံဟု အမြဲသဘောတူအသိ အမှတ်ပြုမှသာလျှင် ရသောကြောင့်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးသာယာရေးနှင့် ပြည်သူကောင်းစားရေးအတွက် ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ဆောင်ရွက်ရသောကြောင့် နိုင်ငံသားများသည် မိမိကိုယ်ကို လူထုကိုယ်စားလှယ်များအဖြစ် မှတ်ယူသင့်ပေ သည်။ နိုင်ငံသားအားလုံးသည် မိမိတို့ဆိုင်ရာဆိုင်ရာ ကိုယ်ရေးကိုယ်တာကိစ္စများနှင့် ပြည့်နှက်နေသော် လည်း တိုင်းပြည်ကောင်းစားရေးအတွက် မိမိတို့မှာ တာဝန်ရှိသည်ဟု မှတ်ယူသဘောပေါက်သင့်ပေသည်။ ဒီမိုကရေစီစနစ် တည်ငြိမ်ကောင်းမွန်စွာ ထွန်းကားပြန့်ပွားဖို့ဆိုလျှင် နိုင်ငံသားများက ဒီမိုကရေစီစနစ်ရှိ နိုင်ငံသားများ၏ အခန်းကဏ္ဍများကို လက်ခံပြီး ဖြည့်တင်းပံ့ပိုးဆောင်ရွက်ရမည်။ ဥပမာအားဖြင့် ဒီမိုကရက်တစ်နိုင်ငံသားများက ဥပဒေပြုရေးကဏ္ဍနှင့် ပြည်သူ့ရေးရာမူဝါဒများ ချမှတ်အောင်ရွက်ရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်ဆောင်ရွက်ရမည်။ ရွေးကောက်ပွဲများတွင် ပါဝင်ဆောင်ရွက်ခြင်း ကိုယ်စားပြုဒီမိုကရေစီစနစ်တွင် အချုပ်အခြာအာဏာပိုင်ပြည်သူတစ်ဦး အနေဖြင့် နိုင်ငံသားများသည် ဥပဒေများကို ပြုစုအကောင်အထည်ဖော်မည့် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်း၊ အရေးကြီးသော ပြည်သူ ရေးရာမူဝါဒကိစ္စရပ် အချို့ကို ဆုံးဖြတ်ရန်အတွက် လူထုညီလာခံများတွင် မကြာခဏမဲပေးခြင်းများ လုပ်ဆောင်ရသည်။ ရွေးကောက်ပွဲများတွင် မဲပေးခြင်းသည် ဒီမိုကရေစီစနစ်ရှိ နိုင်ငံသားတာဝန်များထဲမှ တာဝန်တစ်ခုပင်ဖြစ်ပေသည်။  ရွေးကောက်ပွဲများကြားရှိ ပြည်သူ့ရေးရာမူဝါဒများကို စောင့်ကြည်လေ့လာခြင်း ရွေးကောက်ပွဲများကျင်းပရာတွင် နိုင်ငံသားများသည် စောင့်ကြည့်လေ့လာမှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြသည်။ ရွေးကောက်ပွဲများတွင် နိုင်ငံသားများ၏ အခန်းကဏ္ဍဆောင်ရွက်ချက်တစ်ခု မှာ ရွေးကောက်ပွဲ လေ့လာသုံးသပ်ခြင်းနှင့် စောင့်ကြည့်ဝေဖန်ခြင်းပင်ဖြစ်သည်။ ဤအခန်းကဏ္ဍတွင် နိုင်ငံသားများသည် ပြည်သူ့ရေးရာကိစ္စရပ်များကို သုတေသနပြုစောင့်ကြည့် လေ့လာခြင်းနှင့် ပြည်သူ့ရေးရာကိစ္စရပ်များနှင့် ပက်သက်သော ကန့်ကွက်စရာ အချက်များ (သို့) အန
  • 7. တင်ထွန်းအောင် 7္တရာယ်ရှိနိုင်သော မည်သည့် ကဏ္ဍများ၌မဆို လူထုအား အသိပေးနိုင်သည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ခြင်းတို့ ဖြစ်သည်။  ရွေးကောက်ပွဲများတွင် ပြည်သူ့ရေးရာမူဝါဒများလွှမ်းမိုးအောင် ဆောင်ရွက်ခြင်း နိုင်ငံသားများသည် နိုင်ငံရေးနှင့် ပတ်သက်သော သတင်းများရယူပြီး ပြည်သူ့ရေးရာ ကိစ္စရပ်များကို စောင့်ကြည့်စစ်ဆေးရန် ဆောင်ရွက်ရုံသာမက ပြည်သူ့ရေးရာမူဝါဒများ လွှမ်းမိုးစေ သည့် ကျယ်ပြန့်သော အမျိုးမျိုးသော လုပ်ငန်းစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်ကြသည်။ ဥပမာအားဖြင့်  လူထုအစည်းအဝေးပွဲများ ပြုလုပ်ခြင်း နိုင်ငံသားများသည် နည်းလမ်းအမျိုးမျိုးဖြင့် လူထု၏ သဘောဆန္ဒများကို ထုတ်ဖော်ခြင်း အားဖြင့် အစိုးရဝန်ကြီးဌာနများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အာရုံစိုက်သတိပြုလာ ရန်အတွက် ပြည်သူ့ရေးရာမူဝါဒများထဲမှ အရေးကြီးသော အကြောင်းအရာများကို ကူညီ ရွေးချယ်ပေးသည်။  ပြည်သူ့ရေးရာကိစ္စများ အကဲဖြတ်ပေးခြင်း ဒီမိုကရေစီစနစ်တွင် လူထုဆန္ဒသဘောထားအင်အားသည် အလွန်ကြီးမားသည်။ လူထု သည် အစိုးရရုံးဌာနများ၏ လုပ်ကိုင်ဆောင်ရွက်မှုများ၏ အားနည်းချက်၊ အားသာချက်များ ကို အပြီးသတ် အကဲဖြတ်သူဖြစ်သည်။ နိုင်ငံသားများ၏ အခြားကဏ္ဍတွင် ပြည်သူ့ရေးရာ ကိစ္စရပ်များနှင့် ပက်သက်၍ အဆုံးအဖြတ်ပေးခြင်းနှင့် ထိုဆုံးဖြတ်ချက်များကို ဖော်ပြခြင်း တို့လည်း ပါဝင်သည်။  ပြည်သူ့ရေးရာ ကိစ္စရပ်များအပေါ်ရှိ သဘောထားဆန္ဒများ ဆက်စပ်ဖော်ထုတ်ခြင်း ဤနည်းလမ်းများအရ လူထုစည်းဝေးပွဲများ၊ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ပွဲများတွင် ပါဝင်ခြင်း၊ အစိုးရအဖွဲ့ဝင်များအား စာရေးသားပေးပို့ခြင်း၊ လက်မှတ်ရေးထိုးတောင်းဆိုခြင်း ဆောင်းပါးများ ရေးသားခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အကျိုးတူအုပ်စုများ စုပေါင်း ၍ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်နိုင်သည်။  သဘောဆန္ဒများ ပေါင်းစည်းခြင်း နိုင်ငံသားတစ်ဦးချင်းစီသည်ယင်းတို့စိတ်ဝင်စားသော ပြည်သူ့ရေးရာမူဝါဒများကို အလေး အနက်ထား ဆောင်ရွက်သော အသင်းအဖွဲ့များကို ဝင်ရောက်ခြင်း၊ ထောက်ပံ့ခြင်းတို့ ဖြစ်လာသောအခါ ယင်းတို့၏ အမြင်များကို စုပေါင်းယူဆောင်လာသည်။  အောင်မြင်မှုရရှိရန် နိုင်ငံသားများသည် ဒီမိုကရေစီကျင့်စဉ်များနှင့် တန်ဖိုးများကို မိမိတို့ကိုယ်တိုင် ဝန်ခံရမည်။  ဒီမိုကရေစီစနစ်၏ အခြေခံကျသော တန်ဖိုးမှာ သည်းခံနိုင်ခြင်းဖြစ်သည်။ သည်းခံနိုင်ခြင်း ဆိုသည်မှာ မိမိသဘောမတူနိုင်သောကိစ္စများ၊ မကြိုက်မနှစ်သက်သောကိစ္စများနှင့် ဆက်စပ်၍ သို့မဟုတ် မိမိနှင့် ကွဲပြားခြားနားသော ကိစ္စရပ်များကို လက်ခံရန် ငြင်းပယ်ခြင်း (သို့) တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။  နိုင်ငံသားများသည် မိမိတို့နှင့် အယူအဆ၊ ဘာသာတရား၊ နိုင်ငံရေးဝါဒ၊ အတွေးအခေါ်နှင့် ကျား၊ မ လိင် ၊ အသားအရောင် စသည့် ကွဲလွဲမှုများကို သည်းခံနိုင်စွမ်းရှိသော စိတ်များ
  • 8. တင်ထွန်းအောင် 8 နိုးကြားနေရမည်။ သည်းခံနိုင်စွမ်းမရှိခြင်းသည် ဒီမိုကရေစီစနစ်ကို အားနည်းစေသည်။ တခါတရံ ပျက်သုန်းစေသည်။ သို့သော် သည်းခံနိုင်စွမ်းသည် အကန့် အသတ်ရှိသည်။ အခြားသူများ၏ တူညီသော အခွင့်အရေးများကို ချိုးဖောက်နှောက်ယှက် သူများအတွက် မိမိတို့အနေဖြင့် သည်းခံပေးရန် မလိုအပ်ပေ။  ဒီမိုကရက်တစ်နိုင်ငံသားများအားလုံးသည် မိမိတို့၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာများအတွက် အပြန်အလှန်တန်ဖိုးထား လေးစားရပေမည်။ ဒီမိုကရေစီစနစ်တွင် တရားမျှတမှု အခြေခံ စည်းမျဉ်းများကို ချိုးဖောက်မှုများကို သည်းခံလိမ့်မည် မဟုတ်ပေ။  သည်းခံနိုင်စွမ်းရှိခြင်းနှင့် နှီးနွယ်နေသောအရာမှာ အလယ်အလတ် (သို့) အစွန်းမရောက်ခြင်းပင် ဖြစ်သည်။ စေ့စပ်ညှိနှိုင်းကြောင်းကျိုးကျကျ ဆွေးနွေးမှု မပြုနိုင်ပဲ ဂိုဏ်းဂဏဝါဒ စွဲလွန်းသော ပတ်ဝန်းကျင်တွင် ဒီမိုကရေစီ မဖွံ့ဖြိုး မထွန်းကားနိုင်ပေ။  ဒီမိုကရေစီစနစ်၏ အရေးအကြီးဆုံး နှုန်းစံတန်ဖိုးများထဲတွင် စေ့စပ်ညှိနှိုင်းခြင်းဆိုသည့်အချက် လည်း ပါဝင်သည်။ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း အလေ့အထမရှိသူများသည်လည်း နိုင်ငံရေးစနစ် များမှ ကင်းကွာလာပြီး နောက်ဆုံးအန္တရာယ်ပေးနိုင်သည့် အခြေအနေထိရောက်ရှိကောင်း ရောက် ရှိသွားနိုင်သည်။  အချို့ကိစ္စရပ်များတွင် လွှတ်တော်ကိုယ်စားလှယ်များကြား စေ့စပ်ညှိနှိုင်းဆွေးနွေးမှု တစုံတခုသော အတိုင်းအတာမျှ မရှိလျှင် ဥပဒေပြုလွှတ်တော်သည်ပင် ဥပဒေပြုရေးကိစ္စများတွင် နှောင့်နှေး ကြန့်ကြာသွားနိုင်သည်။  နောက်ဆုံးအနေဖြင့် နိုင်ငံသားများသည် အများအကျိုးအတွက် မိမိကိုယ်ရေးကိုယ်တာ အကျိုးစီးပွားရပ်များ စွန့်လွှတ်ဖို့ လိုအပ်ကောင်းလိုအပ်ပေမည်။ စစ်ဖြစ်နေသောကာလများတွင် စစ်မှုထမ်းရနိုင်ပြီး ငြိမ်းချမ်းသောအချိန်တွင် အခြားသော နိုင်ငံတာဝန်များ ထမ်းဆောင်ရနိုင်ပေ သည်။  သဘာဝ ဘေးအန္တရာယ်ကဲ့သို့သော အရေးပေါ် အခြေအတွင်း၌လည်း ကိုယ်ကျိုးစွန့် အနစ်နာခံမှု များ လိုအပ်လိမ့်မည်။ အများအကျိုးအတွက် အခွန်အခများ ထမ်းဆောင်ခြင်းသည်လည်း အနစ်နာ ခံမှု တစ်မျိုးဟု ယူဆက ယူဆနိုင်သည်။  နိုင်ငံသားများ၏ အာရုံစူးစိုက်မှုရရှိအောင် ယှဉ်ပြိုင်နေရခြင်း ခေတ်သစ်လူ့အဖွဲ့အစည်းသည် မိမိတို့ အချိန်၊ စွမ်းဆောင်ရည်၊ ၎င်းတို့မိသားစုဝင်များ၏ အာရုံ စူးစိုက်မှုရရှိရန် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်။ ယနေ့နိုင်ငံသားများသည် လုပ်ငန်း၊ မိသားစုရေး ရာ ကိစ္စများ၊ အခြားစိတ်ဝင်စားစရာ ကိစ္စများနှင့် လုပ်ငန်းဆောင်တာများ ကြားတွင် အချိန်များ ကုန်ဆုံးနေရသည်။  နိုင်ငံသားများသည် မိမိတို့၏ ဘဝရပ်တည်မှု အတွက် စီးပွားရေးလုပ်ငန်းများတွင်သာ အချိန်ကုန် လူပမ်းဖြစ်နေရသောကြောင့် လူထုရေးရာကိစ္စများတွေ့ဆုံဆွေးနွေးပွဲများကို သိပ်၍ အာရုံစိုက် မသွားနိုင်ပေ။ ထို့ကြောင့် တကယ့်လက်တွေ့တွင် ဒီမိုကရက်တစ်နိုင်ငံဖြစ်မှု၏ လိုအပ်ချက်များနှင့် နိုင်ငံသားများ ရှင်သန်နေထိုင်မှုအတွက် လိုအပ်ချက်၊ တာဝန်များ၊ အကျိုးစီးပွားကြားတွင် အားပြိုင်မှုများ ရှိနေ သည်။
  • 9. တင်ထွန်းအောင် 9 လူထုအနေဖြင့် လူထုရေးရာကိစ္စရပ်များတွင် စိတ်ဝင်စားမှု ပမာဏလျော့ကျလာခြင်းသည် ပြဿနာတစ်ရပ် ပင်ဖြစ်သည်။ မိမိအုပ်ချုပ်ရာဒေသရှိ လူထုနှင့် ထိတွေ့မှုကင်းသော ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားများ ပေါများလာခြင်းသည် လူထုရေးရာကိစ္စများအတွက် စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။ ဤသို့သော အခြေအနေ မျိုးတွင် ဒီမိုကရေစီစနစ်သည် တဖြည်းဖြည်းချင်းပျက်စီးဖွယ် အလားအလာများနှင့် ရင်ဆိုင်နေရပေမည်။ ဤစာတမ်းကို ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း၌ စာရေးသူ သင်ကြားသည့် ဒီမိုကရက်တစ် နိုင်ငံသားဖြစ်မှု ဘာသာရပ်တွင် ဖတ်စာ အနေဖြင့် ဖြန့်ချိခဲ့ဖူးပါသည်။ အယ်ဒီတာ