ဂျာနယ်ကျော်မမလေး အလွန်ဘာသာပြန်ချင်တဲ့ စာအုပ်ကို ဥိးဝင်းတင် ဘာသာပြန်ပေးနိုင်ရင် ကောင်းမှာပဲ တွေးတောနေတုန်းမှာ မြသန်းတင် ရောက်လာပြီး - ဟောဒီမှာ ကွိ ဘာသာပြန်ခင်ဗျ .. လို့ပြောပြီး စာမူကို စားပွဲပေါ်တင်လိုက်တဲ့အခါ ကျမ မြသန်းတင် မျက်နှာမော့ကြည့်လိုက် တဒင်္ဂ အသက်ရှုမှားလောက်အောင် ကြက်သေနေမိသည်..လို့ အမှာစာရေးပေးထားပါတယ်။ ၁၉၇၇ ဒုတိယအကြိမ် ထုတ်ဝေခြင်းကို Sideeffect နဲ့ Ngelay Aung တို့က စာစီရိုက်ထားတာ၊ မီဒီယာသမားကောင်းတွေအတွက် တင်ပြပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇနီးသည် ဂျာနယ်ကျော်မမလေး၊ ဟံသာဝတီဦးဝင်းတင် (အင်အယ်ဒီပါတီ) တို့လည်း ကွယ်လွန်ပေမဲ့ သူတို့လက်ရာတွေကတော့ ဂျာနယ်လစ်များအတွက် လက်စွဲဖြစ်ကြပါစေ။